Local News

စျေးပြန်လည်မြင့်တက်လာတဲ့ ပဲစင်းငုံ

Last Updated:

ပဲစင်းငုံသီးနှံသည် မတ်လကုန်မှစ၍ စျေးကျဆင်းလာရာမှ ဧပြီလဆန်းပိုင်းတွင် လှောင် လက်သမားများ၏ ဝယ်လိုအားကြောင့် စျေးပြန်လည်မြင့်တက်လာခဲ့သည်။ မြန်မာ့ပဲစဉ်းငုံသည် အိန္ဒိယမှ ဝယ်လိုအားကောင်းသော အဓိကသီးနှံဖြစ်တဲ့အတွက် အိန္ဒိယဝယ်လိုအားပေါ်မူတည်၍ စျေးနှုန်း အတက်အကျဖြစ်နေပြီး ပို့ကုန်သီးနှံအားလုံး အမြင့်စျေးဖြင့် အရောင်းအဝယ် သွက်လာနိုင်ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

မတ်လနောက်ဆုံးပတ်တွင် ပဲစင်းငုံ ၂၀ ပိသာ တစ်တင်းလျှင် ကျပ်(၁၁၈၀၀၀) စျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဧပြီလပထမပတ်တွင် ကျပ်(၁၂၂၀၀၀) စျေးအထိ မြင့်တက်လာခဲ့ရာ မတ်လနောက်ဆုံးပတ်နှင့် ဧပြီလပထမပတ်တို့ နှိုင်းယှဉ်ပါက ပဲစင်းငုံ ၂၀ ပိသာ တစ်တင်းလျှင် ကျပ်(၄၀၀၀) မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

source:   မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News