Local News

ကရင်ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဧပြီလပထမပတ်အတွင်း ပဲမျိုးစုံဈေးနှုန်းများမှာ ပဲဖြူလေး ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၂၈၀၀ ကျပ်၊ ပဲပုပ် ၂၇၀၀ ကျပ်၊ ပဲလွန်းမဲ ၂၈၀၀ ကျပ်၊ ပဲတီ စိမ်း(ရွှေဝါ) ၃၅၀၀ ကျပ်၊ မတ်ပဲ ၄၂၀၀ ကျပ်၊ ပဲနောက် ၃၀၀၀ ကျပ်၊ မြေပဲဆန် ၆၉၀၀ ကျပ်၊ ကိုင်း နှမ်း ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၈၅၀၀ ကျပ် ဈေးနှုန်းဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်း)နှင့် ကမ်းနားလမ်းရှိ (ရွှေကံထူးပွဲရုံ) တို့မှ သိရှိရပါသည်။ မတ်လနောက်ဆုံးပတ်အတွင်း ပဲဖြူလေး ၁ ပိဿာ ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၁ ပိဿာ ၂၈၀၀ ကျပ်၊ ပဲပုပ် ၁ ပိဿာ ၂၇၀၀ ကျပ်၊ ပဲလွန်းမဲ ၁ ပိဿာ ၂၈၀၀ ကျပ်၊ ပဲတီရွှေဝါ ၁ ပိဿာ ၃၅၀၀ ကျပ်၊ မြေပဲဆန် ၁ ပိဿာ ၇၀၀၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၁ ပိဿာ ၈၅၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါသဖြင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး၊ ဘားအံမြို့သို့ ပဲမျိုးစုံ ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်စုံစမ်းမှုအရ သိရပါသည်။

source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News