International News

ဒုတိယသမ္မတကမ်မလာဟဲရစ်က ကျန်းမာရေးဆိုင်ရာကြွေးမြီများကို ကြွေးမြီစာရင်းအစီရင်ခံစာ အားလုံးမှ ပယ်ဖျက်ကြောင်း အပြီးသတ်စည်းမျဉ်းကို ထုတ်ပြန်ကြေညာခဲ့

Last Updated:

ဒုတိယသမ္မတကမ်မလာဟဲရစ်သည် စားသုံးသူများ၏ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်ပေးမှု ဗျူရို (Consumer Financial Protection Bureau) က ရေးဆွဲခဲ့သည့် အပြီးသတ်စည်းမျဉ်းကို  ၇-၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းစည်းမျဉ်းအရ အမေရိကန်နိုင်ငံသားများ၏ ကျန်းမာရေး ဆိုင်ရာကြွေးမြီများကို လျော့ချနိုင်မည်ဖြစ်ကာ ပြန်လည်ပေးချေခြင်းမပြုရသေးသည့် ကျန်းမာရေး အသုံးစရိတ်များကြောင့် အိမ်အပေါင်စာချုပ်ဖြင့်ချေးငွေ၊ မော်တော်ယာဉ်ချေးငွေ သို့မဟုတ် အသေးစားစီးပွားရေးလုပ်ငန်းများတည်ထောင်ရန် ချေးငွေရယူခြင်းမှ ငြင်းပယ်ခံမည် မဟုတ်တော့ပါ။ ဒုတိယသမ္မတကမ်မလာဟဲရစ်က ပြည်နယ်နှင့် ဒေသန္တရအစိုးရများ၏ အမေရိကန်ကယ်ဆယ်ရေး အစီအစဉ် (American Rescue Plan, ARP) ရန်ပုံငွေကို တိုးမြှင့်၍ အမေရိကန်နိုင်ငံသား (၇၀၀,၀၀၀) ကျော်၏ ကျန်းမာရေးဆိုင်ရာကြွေးမြီ အမေရိကန်ဒေါ်လာ (၁) ဘီလီယံကို ပယ်ဖျက်ရန် ထောက်ပံ့ ပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သဖြင့် စုစုပေါင်း အမေရိကန်နိုင်ငံသား (၆)သန်းကျော်၏ ကြွေးမြီ အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံကို ပယ်ဖျက်နိုင်မည်ဖြစ်ပါသည်။

ယင်းစည်းမျဉ်းအရ ကျန်းမာရေးဆိုင်ရာကြွေးမြီများသည် ကြွေးမြီယုံကြည်စိတ်ချရမှုကို ဖော်ပြသည့် Credit Score တွင် ပါဝင်တော့မည်မဟုတ်သဖြင့် အမေရိကန်နိုင်ငံသားများအတွက် လိုအပ်သော အိမ်၊ မော်တော်ယာဉ် သို့မဟုတ် အသေးစားစီးပွားရေးလုပ်ငန်းများတည်ထောင်ရန် ချေးငွေကို လွယ်ကူစွာရယူနိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားများ၏ စုဆောင်းငွေ တိုးမြင့်ကာ ဥစ္စာ ဓနလည်း တိုးပွားလာနိုင်မည်ဖြစ်ပါသည်။  

Category: International News