International News

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အမေရိကတိုက်ပြင်ပကမ်းနီးရေတိမ်ပိုင်းရှိဒေသအချို့မှ ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရန် ငှားရမ်းမှုကို ရုပ်သိမ်းကြောင်းစာလွှာများ ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြည်ထဲရေးဝန်ကြီးထံသို့ ၆-၁-၂၀၂၅ ရက်တွင် အမေရိက တိုက်ပြင်ပ ကမ်းနီးရေတိမ်ပိုင်းရှိဒေသအချို့မှ ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ် ရန် ငှားရမ်းမှုကို ရုပ်သိမ်းကြောင်းစာလွှာများ ပေးပို့ခဲ့ပါသည်။ အဆိုပါစာလွှာများတွင် ဘာရိန်း ပင်လယ်မြောက်ပိုင်း၌ ရာသီဥတုခံနိုင်စွမ်းရှိရန် ထိန်းသိမ်းထားသည့်ဒေသ (Northern Bering Sea Climate Resilience Area)ရှိ ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရန်အတွက် ကုန်ဆုံး သက်တမ်းမပါဝင်သည့်ငှားရမ်းမှုနှင့် မြောက်အတ္တလန္တိတ်၊ ဗဟိုအတ္တလန္တိတ်၊ တောင်အတ္တလန္တိတ်နှင့် ဖလော်ရီဒါရေလက်ကြားရှိ ကမ်းနီးရေတိမ်ပိုင်းမှ ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့တူးဖော်ရန် ကုန်ဆုံးသက်တမ်းမပါဝင်သည့် ငှားရမ်းမှုများကို ရုပ်သိမ်းကြောင်း ဖော်ပြထားပါသည်။ ယင်းသို့ ငှားရမ်းမှုကိုရုပ်သိမ်းခြင်းသည် ဘာရိန်းပင်လယ်၊  မက္ကဆီကိုပင်လယ်ကွေ့၊ အတ္တလန္တိတ်နှင့် ပစိဖိတ် ဒေသကမ်းနီးရေတိမ်ပိုင်းရှိ သဘာဝမျိုးစိတ်များအပါအဝင် အစားထိုးမရနိုင်သည့် ပင်လယ်နှင့် ကမ်းရိုးတန်းသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေနံယိုဖိတ်မှုကြောင့် ဂေဟ စနစ်နှင့် ကမ်းရိုးတန်းဒေသရှိလူမှုပတ်ဝန်းကျင်တို့ကို ထိခိုက်မှုမဖြစ်ပေါ်စေရန်ဖြစ်ပြီး  လူမှုဝန်းကျင်၊ ပင်လယ်နှင့် ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်အပေါ် ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်သည့်ပြောင်းလဲမှုများကို ပြောင်းလဲခြင်းမလုပ်ဆောင်နိုင်သကဲ့သို့ အန္တရာယ်ဖြစ်စေသည့် အကျိုးဆက်များကို လျော့ကျစေရန်နှင့် ရာသီဥတုဒဏ်ခံနိုင်စွမ်းရှိစေရန် နိုင်ငံ၏လိုအပ်ချက်အရ ယင်းသို့ ငှားရမ်းမှုကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Category: International News