International News

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ အမေရိကန်သို့ သွားရောက်မည့် ခရီးစဉ် တွင် ထိုင်းပို့ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံနိုင်သည့် အလားအလာနှင့်စပ်လျဉ်း၍ ဆွေးနွေး သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Picahi Naripthaphan သည် ထိုင်းနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်း (American Chamber of Commerce-Amcham) ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် ထိုင်းပို့ကုန်များအပေါ် အခွန်တိုးမြှင့်နိုင်သည့် အလားအလာ ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများအတွက် လာမည့်လတွင် အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ခရီးစဉ်အတွင်း ဝန်ကြီးသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ဝန်ကြီး ဌာနအနေဖြင့် ထိုင်းနိုင်ငံကို အမေရိကန်၏ စောင့်ကြည့်စာရင်းမှ ဖယ်ရှားနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ Amcham နှင့် တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု မြှင့်တင်ရန် ဆွေးနွေးခဲ့ကြပါကြောင်း၊ စီးပွားရေးလှုံ့ဆော်ရန် ဆောင်ရွက်မှုများ၊ “Thai Next Level” ခေါင်းစဉ်အောက်မှ ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် တီထွင်ဆန်းသစ်သော ထုတ်ကုန်များကို တင်ပို့ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်စသည့် အဓိက ကုန်သွယ်ရေး မူဝါဒများကို တင်ပြဆွေး နွေးခဲ့ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ထိုင်းနိုင်ငံရှိ Printed Circuit Board၊ တစ်ပိုင်း လျှပ်ကူးပစ္စည်းများနှင့် အချက်အလက်စင်တာများစသည့် စက်မှုနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ရင်းနှီးမြှုပ်နှံသူများကို အာပေးလိုကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

အခြားဦးစားပေးနယ်ပယ်များမှာ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များ ညှိနှိုင်း ခြင်း၊ ပို့ကုန်တိုးမြှင့်ခြင်း၊ ထိုင်းနိုင်ငံကို ကမ္ဘာ့အစားအစာနှင့် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာ ဖြစ် စေခြင်း၊ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခေတ်မီနည်းပညာနှင့် တီထွင်ဖန်တီးမှုများတွင် အမေရိကန်ကျွမ်းကျင်မှုကို အသုံးချခြင်းစသည်တို့ဖြစ်ကြောင်း၊ ထရမ့်၏ ၂.၀ မူဝါဒများသည် ထိုင်းနိုင်ငံ အတွက် အကျိုးကျေးဇူးဖြစ်စေရန် Amcham အနေဖြင့် အစိုးရနှင့် ပုးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကုန်သည်ကြီးများအသင်းက ထိုင်းနိုင်ငံအစိုးရအနေဖြင့် လုပ်သာကိုင်သာရှိသော ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖန်တီးနိုင်ရေးနှင့် လွယ်ကူ ချောမွေ့စေရေးအတွက် “Five to Thrive 2025” အဆိုပြုလွှာကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရေး ဆောင်ရွက်မှု များနှင့် ထောက်ပံ့မှုကွင်းဆက်စွမ်းဆောင်ရည်နှင့် ပို့ကုန်ယှဉ်ပြိုင်မှုကို ထိန်းထားရန် အမေရိကန် Generalized System of Preferences အစီအစဉ်သက်တမ်းတိုးခြင်းတို့အတွက် ထောက်ခံပါကြောင်း၊ အသင်းအနေဖြင့် ထိုင်း-အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ညီလာခံကို ၂၀၂၅ ခုနှစ် မေလ တွင် ကျင်းပရန် လျာထားပါကြောင်း၊ ညီလာခံမှ မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ စေရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တင်ပြရန်နှင့် လက်တွေ့ကျသော မူဝါဒများ နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ထောက်ခံချက်ကောင်းများ ရရှိနိုင်ရန် ရည်ရွယ်ထား ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News