ဆန်တင်ပို့လိုသော လုပ်ငန်းရှင်များအနေဖြင့် ယခင် လျှောက်လွှာလုပ်ငန်းစဉ်အတွက် ၃ ရက်စောင့်ဆိုင်းရန် လိုအပ်သော်လည်း ယခုအခါ မိနစ် ၃၀ အတွင်း လျှောက်လွှာလုပ်ငန်းစဉ် ပြီးမြောက် စေရန် နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနက အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ယင်းသို့ ဆောင်ရွက်ပေးခြင်းသည် တောင်သူများကို အားပေးခြင်း နှင့် အသေးစားနှင့် အလတ် စားဆန်ကုန်သည်များကို ၎င်းတို့၏ ဆန်များအား ကမ္ဘာ့အနှံ့သို့ လွတ်လပ်စွာ တင်ပို့စေလိုသည့် အစိုးရ ၏ မူဝါဒနှင့် ကိုက်ညီပါကြောင်း၊ စာရွက်စာတမ်းလုပ်ငန်းစဉ်များမှ အီလက်ထရောနစ် ပလက်ဖောင်း ပုံစံသို့ ပြောင်းလဲခြင်းဖြင့် စောင့်ဆိုင်းကာလကို ယခင် ၃ ရက်မှ ယခုအခါ မိနစ် ၃၀ အောက်သို့ လျှော့ ချနိုင်ခဲ့ကြောင်း၊ အခြားသော အစီအမံအနေဖြင့် ဆန်ပို့ကုန်တိုးမြှင့်ရန်အတွက် ဆန်တင်ပို့သူများ အနေဖြင့် မဖြစ်မနေထားရှိရမည့် ပြည်တွင်းဆန်လက်ကျန်ပမာဏလျှော့ချခြင်းနှင့် ပို့ကုန်ခွင့်ပြုချက် အတွက် အခကြေးငွေ (Fee) လျှော့ချခြင်းတို့ကို စဉ်းစားလျက်ရှိပါကြောင်း၊ ယင်းအစီအမံများသည် ပို့ကုန်လုပ်ငန်းရှင်ငယ်များကို ဆွဲဆောင်ရန်ဖြစ်ကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Arada Fuangtong က ပြောကြားခဲ့ပါသည်။
ပထမအကြိမ်ပို့ကုန်လုပ်ငန်းရှင်များကို လွယ်ကူချောမွေ့စေရန်အတွက် ဦးစီးဌာနအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်သစ်များကို အခွင့်အလမ်းကောင်းများနှင့် မလွဲချော်စေရန် ဥရောပသမဂ္ဂနှင့် ယူကေ နိုင်ငံတို့မှ ချထားပေးသည့် ဆန်ခွဲတမ်းအတွက် မည်သို့ လျှောက်ထားရမည်ကို ပညာပေးလျက်ရှိပါ ကြောင်း၊ ဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ထိုင်းဆန်အစည်းအဝေးပွဲကို ကျင်းပနိုင်ရေး စီစဉ်ထား ပါကြောင်း၊ ထိုင်းလုပ်ငန်းရှင်များနှင့် စီးပွားရေးအရ ညှိနှိုင်းရန်နှင့် အမြင်များ မျှဝေနိုင်ရန် ကမ္ဘာအနှံ့မှ ဆန်ပညာရှင်များနှင့် ကုန်သည်များကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့် စွက်ပြောကြားခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင် ဆန်ပို့ကုန်ကို တန်ချိန် ၇.၅ သန်းထိ မြှင့်တင်နိုင်ရန် မျှော်မှန်းထားပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက် ပယ်ဖျက်လိုက်ခြင်းကြောင့် ယခုနှစ်အတွင်း ယှဉ်ပြိုင်မှုမြင့်မား နိုင်သဖြင့် ခန့်မှန်းထားချက်သည် လျော့နည်းရခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံသည် ဘတ် ၂၀၈.၈၇ ဘီလီယံရှိသော ဆန်တန်ချိန် ၉.၁၉ သန်း တင်ပို့ထားခဲ့ပြီး အဓိက ဈေး ကွက်များမှာ တောင်အာဖရိက၊ ဥရောပ၊ အမေရိကန်၊ ကနေဒါနှင့် ဖိလစ်ပိုင်တို့ဖြစ်ကြောင်း သိရှိရပါ သည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။