International News

တရုတ်နှင့် ရုရှားနိုင်ငံတို့မှ အင်တာနက်ချိတ်ဆက်အသုံးပြုသည့် မော်တော်ယာဉ်သုံး နည်းပညာများ (Connected vehicle technology) ကြောင့် အမျိုးသားလုံခြုံရေးဆိုင်ရာအန္တရာယ်များဖြစ်ပွားမှုမှ အမေရိကန်နိုင်ငံအား ကာကွယ်စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ထုတ်ပြန်

Last Updated:

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ အမေရိကန်နိုင်ငံ၏ အင်တာနက်ချိတ်ဆက်အသုံးပြုသည့် မော်တော်ယာဉ်ထုတ်လုပ်မှုကွင်းဆက်များအပေါ် အသုံးချအမြတ်ထုတ်ခြင်းကြောင့် အမျိုးသား လုံခြုံရေးဆိုင်ရာအန္တရာယ်များဖြစ်လာနိုင်ခြေမှ အမေရိကန်နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် ခိုင်မာ ပြတ်သားသည့် အရေးယူမှုများကို သမ္မတဂျိုးဘိုင်ဒင်က ၁၄-၁-၂၀၂၅ ရက်တွင် ချမှတ်ခဲ့ပါသည်။ ယင်းအရေးယူမှုအဖြစ် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်ရှိ စက်မှုနှင့် လုံခြုံရေး ဗျူရို (Bureau of Industry and Security) က တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ တပ်ဆင်ပြီး အင်တာနက်ချိတ်ဆက်အသုံးပြုသည့်မော်တော်ယာဉ်များအပါအဝင် မော်တော်ယာဉ်သုံး အင်တာနက် ချိတ်ဆက်အသုံးပြုသည့် Hardware နှင့် software စနစ်များတင်သွင်းခြင်းနှင့် နိုင်ငံတွင်း ရောင်းချခြင်းကို တားမြစ်သည့်အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်း Connected vehicles ဆိုသည်မှာ Wi-Fi ၊ Bluetooth ၊ Cellular နှင့် Satellite connectivity ကဲ့သို့သောဆက်သွယ်ရေးစနစ်များနှင့် အစိတ်အပိုင်းများပါဝင်ပြီး ယာဉ်မောင်းသူများ၊ ခရီးသည်များနှင့် လမ်းသွားလမ်းလာများအတွက် လုံခြုံမှုရှိစေရန်နှင့် လွယ်ကူစေရန်အတွက် ဖန်တီးပေးထားခြင်းဖြစ်ရာ ရန်ဘက်နိုင်ငံများက အဆိုပါ အင်တာနက်ချိတ်ဆက်ထားသောယာဉ်များ (Connected vehicles) ထောက်ပံ့ရေးကွင်းဆက်များ တွင် ပါဝင်နေခြင်းဖြင့် အမေရိကန်နိုင်ငံ၏ လမ်းများတွင် မောင်းနှင်လျက်ရှိကြသည့်မော်တော်ယာဉ် များအပေါ် ခြိမ်းခြောက်မှုဖြစ်စေနိုင်ပါသည်။ တရုတ် မော်တော်ယာဉ်ကုမ္ပဏီများသည် အမေရိကန်နှင့် ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်၌ ထိုးဖောက်ဝင် ရောက်ရန် ကြိုးပမ်းလျက်ရှိပြီး ရုရှားနိုင်ငံကလည်း အမေရိကန်နိုင်ငံ၏စနစ်များကို အလားတူ Connected vehicles များမှတစ်ဆင့် ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်မှတ်တမ်းများရှိရာ အန္တရာယ်ရှိသည့်ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်နိုင် သောနိုင်ငံဖြစ်သဖြင့် သမ္မတဂျိုးဘိုင်ဒင်က ဤတားမြစ်မိန့်ထုတ်ပြန်ခြင်းဖြင့် အမေရိကန်နိုင်ငံ၏ အရေးကြီးသည့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေး ကွင်းဆက်ကိုကာကွယ်ရန်နှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အခြားဖက်ဒရယ်အဖွဲ့အစည်းများသည် ဤတားမြစ်မိန့် အသက်ဝင်ရေးအတွက် ဆက်စပ်ကဏ္ဍမှ စက်မှုလုပ်ငန်းများနှင့် နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။  

Category: International News