International News

Nissan Motor Thailand က ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် ဆောင်ရွက်သွားရန် ကတိပြုခဲ့

Last Updated:

Nissan Motor Thailand သည် ၎င်း၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ချိန်ညှိမည့် အစီအစဉ်အောက်မှ မော်တော်ကားတပ်ဆင်သည့် စက်ရုံကို ပိတ်သိမ်းလုနီးပါး ဖြစ်နေသော် လည်း နှစ်မျိုးသုံး လျှပ်စစ်မော်တော်ကား (Hybrid Electric Vehicles-HEV) တွင် ဦးစား ပေးမည့် ရင်းနှီးမြှုပ်နှံမှု အသစ်ကို ထိုင်းနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ပြောကြားခဲ့ ပါသည်။

ယင်းသည် ကုမ္ပဏီ၏ ကုန်ကျစရိတ်စီမံခန့်ခွဲမှုထိရောက်စေမှုကို မြှင့်တင်ရန်အတွက် ထုတ်လုပ် မှုလိုင်းများကို ပေါင်းစပ်ခြင်းဖြစ်ကြောင်း၊ ဘုတ်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ချုပ်နှင့် Nissan Motor Thailand ဥက္ကဋ္ဌ Mr. Toshihiro Fujiki တို့တွေ့ဆုံပြီးနောက် Nissan Motor Thailand က ထိုင်းနိုင်ငံရှိ ထုတ်လုပ်မှုစက်ရုံနှစ်ခုကို ပေါင်းစပ်မြှင့်တင်သွားမည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ယခုကဲ့ သို့ ဆောင်ရွက်ခြင်းသည် ကုန်ကျစရိတ်ကို ပုံသေသတ်မှတ်ခြင်းဖြစ်ကြောင်း၊ ၁၉၇၅ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သည့် ပထမစက်ရုံကို မော်တော်ကားတပ်ဆင်ခြင်းအတွက် အသုံးမပြုတော့ဘဲ ၂၀၂၄ ခုနှစ် တွင် ဖွင့်လှစ်ခဲ့သည့် ဒုတိယစက်ရုံတွင်သာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ဘုတ်အဖွဲ့ ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးမူဝါဒကို ချိတ်ဆက်၍ HEV လုပ်ငန်းများအတွက် အခွန်ဖြတ် တောက် ပေးခြင်းများကို ခံစားသွားရန် စီစဉ်လျက်ရှိကြောင်း၊ အခွန်နှုန်းထားသည် ၆ ရာခိုင် နှုန်းမှ ၉ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှ ၂၀၃၂ ခုနှစ်ထိ ၇ နှစ်ဖြစ်ပါကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် ထပ်လောင်းရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်သွားလိုပြီး မော်တော် ကား အမျိုးအစားသစ်များ ထုတ်လုပ်သွားမည်ဖြစ်ရာ မော်တော်ကားပုံစံသစ်ကို ၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်ကြားတွင် ထုတ်ပြန်သွားရန်ရှိကြောင်း၊ မော်တော်ကားထုတ်လုပ်သူ များသည် အခွန်မက်လုံးများကို ရရှိခံစားနိုင်ရန်မှာ ၂၀၂၇ ခုနှစ်တွင် အနည်းဆုံး ဘတ် ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း၊ ထို့ပြင် HEV ၏ အဓိကအစိတ်အပိုင်းများကို ပြည်တွင်းတွင် ထုတ်လုပ်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှစ၍ ပြည်တွင်းထုတ် ဘတ္တရီများကို မော်တော်ကားထုတ်လုပ်မှုတွင် အသုံးပြုရမည် ဖြစ်ကြောင်း၊ ယစ်မျိုး အခွန်သည် HEV မှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုပေါ်မူတည်မည် ဖြစ်ကြောင်း၊ Nissan Motor Thailand သည် HEV အတွက်သာ ဦးစားပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ မှုတန်ဖိုးမှာ ဘတ် ၃ ဘီလီယံ ကျော်နိုင်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News