International News

အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းထား ၃.၁ ရာခိုင်နှုန်း တွင် ဆက်လက်ရပ်တည်

Last Updated:

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပျမ်းမျှ အလုပ် လက်မဲ့နှုန်းထားသည် ၃.၁ ရာခိုင်နှုန်းနှင့် ရရာအလုပ်လုပ်ကိုင်မှုနှုန်းမှာလည်း ၁.၁ ရာခိုင်နှုန်းတွင် ဆက်လက်ရပ်တည်နေကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်း ဌာနမှ ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း  အလုပ်အကိုင်ခန့်ထားမှု ၇,၁၀၀ မြင့် တက်ပြီး စုစုပေါင်းပမာဏ ၃,၇၁၈,၉၀၀ ရှိကာ လုပ်သားအင်းအားအနေဖြင့် ယခင်သုံးလပတ် ကာလနှင့် ကွာဟမှု အနည်းငယ်သာရှိကြောင်းနှင့်  အလုပ်လက်မဲ့ဦးရေမှာ မူလ ၁၁၉,၇၀၀ ရှိနေ ရာမှ ၁၁၃,၆၀၀ သို့ကျဆင်းခဲ့သော်လည်း ရရာအလုပ်လုပ်ကိုင်သူဦးရေမှာ မူလ ၄၁,၇၀၀ မှ ၄၃,၅၀၀ သို့ မြင့်တက်သွားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ အလုပ်သမားဈေးကွက် တည်နေငြိမ်နေမည့် အခြေအနေဖြစ်သော် လည်း ကမ္ဘာတစ်ဝှမ်း၌ဖြစ်ပေါ်နေသည့် မရေရာမှုများမြင့်တက်နေခြင်းကြောင့် အချို့ကဏ္ဍများ၏ အလုပ် ခန့်ထားမှုအပေါ် အကျိုးသက်ရောက်မှုရှိနေမည်ဖြစ်ကြောင်း အလုပ်သမားနှင့် လူမှုဖူလုံ ရေးဝန်ကြီး Mr. Chris Sun က ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

 

Category: International News