International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဗီယက်နမ်နှစ်သစ်ကူးကာလအတွင်း ခရီးသွားဧည့်သည် ၄ သန်းကျော်ကို ဝန်ဆောင်မှုပေးနိုင်ရန် မျှော်လင့်

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၂၅ ခုနှစ် နှစ်သစ်ကူး(Tet) ပွဲတော်အတွင်း ခရီးသွားဧည့်သည် ၄ သန်းခန့်ကို ဝန်ဆောင်မှုပေးနိုင်ရန် မျှော်လင့်ကြောင်း Vietnam Plus အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။

ဇန်နဝါရီလ ၁၄ ရက် (နဂါးနှစ်၏ နောက်ဆုံးလ ၁၅ ရက်) မှ ဖေဖော်ဝါရီလ ၂ ရက် (မြွေနှစ် ၏ ပထမလ ၁၅ ရက်) အတွင်း အဆိုပါလေဆိပ်သည် နိုင်ငံတကာ ခရီးသွားဧည့်သည် ၁.၅ သန်းနှင့် ပြည်တွင်းခရီးသွားဧည့်သည် ၂.၅ သန်းတို့ကို ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

ပျမ်းမျှအားဖြင့် လေဆိပ်တွင် နေ့စဉ်ပျံသန်းမှု ၈၀၀ မှ ၉၀၀ အထိရှိပြီး တစ်နှစ်တာ၏ ပျံသန်းမှုအများဆုံးရက်များတွင် တစ်ရက်လျှင် ခရီးစဉ် ၉၇၀ အထိရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ကာလအတွင်း လေယာဉ်နှင့် ခရီးသည်ဦးရေသည် ၆.၂၅ ရာခိုင်နှုန်းနှင့် တစ်နှစ်ထက်တစ်နှစ် ၅.၃၆ ရာခိုင်နှုန်းအသီးသီး တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ (CAAV) မှ လေကြောင်းလိုင်းများသို့ ခရီးစဉ် များ တိုးမြှင့်ပျံသန်းရန်နှင့် နှစ်သစ်ကူးကာလ (Tet) အားလပ်ရက်အတွင်း ခရီးသွားလိုအပ်ချက် မြင့်မားနေမှုများကို ဖြည့်ဆည်းပေးရန်အတွက် ညပိုင်းခရီးစဉ်ပျံသန်းမှုများ စီစဉ်ပေးရန် တောင်းဆို ထားကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: International News