ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့မှုတိုးတက်မှုနှုန်းကို ၂၀၂၄ ခုနှစ်အထိ ၆ နှစ်ဆက်တိုက် စံချိန်တင်နိုင်ခဲ့သော်လည်း အဆိုပါတိုးတက်မှုကို ယခုနှစ်တွင် ဆက်လက်ထိန်းသိမ်းရန် ခက်ခဲ နိုင်ကြောင်း၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုပြန်လည်စတင်ချိန်တွင် ၎င်းတို့ အနေဖြင့် ဆန်တင်ပို့မှုအရှိန်ကို ထိန်းသိမ်းရန် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၉ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅.၇၅ ဘီလီယံရရှိခဲ့ပါသည်။ ပမာဏအားဖြင့် ၁၃ ရာခိုင်နှုန်းခန့် တိုးလာပြီး ကုန်သွယ်မှုပမာဏ ၂၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်းနှင့် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ဆန်တင်ပို့မှု ၁၀ ရာခိုင်နှုန်းခန့် ဈေးတက်လာခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့မှုတိုးတက်မှုနှုန်းကို ၆ နှစ်ဆက်တိုက် စံချိန်တင်နိုင်ခဲ့ သော်လည်း ယခုနှစ်တွင် ထိန်းသိမ်းရန် ခက်ခဲမည်ဟု ခန့်မှန်းထားပါသည်။ Phoc Thanh ကုမ္ပဏီ ၏ အထွေထွေဒါရိုက်တာဖြစ်သူ Nguyen Van Thanh က ၂၀၂၄ ခုနှစ်တွင် စံချိန်တင် မြင့်မားမှု ကြောင့် ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ရန် အခွင့်အလမ်းနည်းပါး နိုင်ကြောင်း၊ ကမ္ဘာ့ဈေးကွက်အတွင်း အိန္ဒိယ၏ ဆန်တင်ပို့မှု ဖြေလျှော့ခြင်းများလည်းရှိသည့် အတွက် အခွင့်အလမ်းနည်းပါးနိုင်ကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဆန်တင်ပို့မှုကို တင်းကြပ်ထားသည့်အတွက်ကြောင့် ပြီးခဲ့သည့် ၂ နှစ်အတွင်း အိန္ဒိယ နိုင်ငံ၏ သိုလှောင်မှုမှာ များပြားခဲ့သည်ဟု Thanh မှ ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဗီယက်နမ် အပါအဝင် အခြားသောပို့ကုန်နိုင်ငံများအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း ရေးသားဖော်ပြထား ပါသည်။
ထို့အပြင် စပါးရိတ်သိမ်းရာသီမတိုင်မီတွင် ဗီယက်နမ်ဆန်ဈေးမှာ အတော်လေး မြင့်မား နေသဖြင့် ဆန်တင်သွင်းသူအများအပြားသည် အခြားနိုင်ငံများသို့ စောစီးစွာ ရွေ့ပြောင်းသွား ကြကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်တွင် ဆန်ဈေးသည် ၂၀၂၃ -၂၀၂၄ ခုနှစ်ထက် နိမ့်ကျသွားနိုင်သည်ဟု Thanh မှ ပြောကြားပြီး ၂၀၂၄ နှစ်ကုန်တွင် ဗီယက်နမ်အပါအဝင် အဓိကဆန်စပါးစိုက်ပျိုးသောနိုင်ငံ အများအပြားသည် ဆန်စပါးရိတ်သိမ်းချိန်သို့ ရောက်ရှိလာသည့်အတွက် ဗီယက်နမ်ဆန် ဈေးနှုန်းများ လျင်မြန်စွာ ကျဆင်းသွားနိုင်ကြောင်း ဖော်ပြထားပါသည်။
တစ်ချိန်တည်းတွင် ဖိလစ်ပိုင်အစိုးရသည် ဆန်ဈေးနှုန်းကို အနီးကပ်စောင့်ကြည့်လျက် ရှိပြီး ည့််လျက် ရှိသည့်အတွက်် ဗီယက်နမ်ကုန်သည်များက အဆိုပါဈေးကွက်ကို ပြန်လည်သုံးသပ်ရန် ဆောင်ရွက်နိုင်ခဲ့ သော်လည်း တင်သွင်းသူများကလည်း အမှာစာအသစ်များကို ဆိုင်းငံ့ထားပြီး တင်သွင်းသူအသစ် များစွာရရှိမှုကြောင့် ဗီယက်နမ်ကုန်သည်များနှင့် စာချုပ်ချုပ်ဆိုရန် အလျင်စလိုမရှိကြောင်း သိရှိရပါသည်။
ဆန်ကုန်သည်များအနေဖြင့် ဝယ်လိုအားများမည်ဟု မျှော်လင့်ထားသော်လည်း ယခုနှစ်တွင် ချုပ်ဆိုထားသော ပို့ကုန်စာချုပ်များအများအပြားမရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဆန်စပါးလုပ်ငန်းအတွက် အရင်းအနှီးပံ့ပိုးမှုများပေးရန် တောင်းဆိုမှုများရှိလာကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးကုစားရေးအာဏာပိုင် အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Tran Thanh Hai က ဗီယက်နမ်ကုမ္ပဏီများသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ အပါအဝင် သမားရိုးကျဈေးကွက်များတွင် မိမိတို့ဆန်အမှတ်တံဆိပ် ကို ထူထောင်နိုင်ခဲ့သော်လည်း အိန္ဒိယ၏ ဆန်တင်ပို့မှုပြန်လည်စတင်ချိန်တွင် ဈေးနှုန်းဖိအားများ နှင့် ရင်ဆိုင်နေရပြီး အရင်းအနှီးထောက်ပံ့မှုများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ဖော်ပြ ထားပါသည်။
စီးပွားရေးလုပ်ငန်းရှင်များသည် အရန်ဆန်ဝယ်ယူရန်အတွက် ဘဏ်များမှ အရင်းအနှီးများ လိုအပ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးဖြည့်ခွန် (VAT) ကို စောစောပြန်အမ်းရန် လိုအပ်ကြောင်းနှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ် များကို ဆက်လက်မြှင့်တင်ရန် လိုအပ်ကြောင်း Hai မှ ပြောကြားခဲ့ပါသည်။
Thanh ၏ အဆိုအရ ၂၀၂၅ သည် စိန်ခေါ်သည့်နှစ်တစ်နှစ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း၊ အထူးသဖြင့် စပါးရိတ်သိမ်းရာသီတွင် ဘဏ်များအနေဖြင့် အတိုးနှုန်းနမ့်များဖြင့် ကုမ္ပဏီများအား ပံ့ပိုးပေးသင့်ကြောင်း၊ သို့မှသာ လုပ်ငန်းရှင်များသည် ဆန်ဝယ်ယူသိုလှောင်ခြင်းကို ဆောင်ရွက်နိုင် မည်ဖြစ်ပြီး ဈေးကွက်အဆင်မပြေသည့်အချိန်တွင် တောင်သူလယ်သမားများအား ကူညီပေးနိုင် မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ထို့အပြင် အစားထိုးဆန်မျိုးစေ့ကို ရွေးချယ်ခြင်းသည် အိန္ဒိယနှင့် တိုက်ရိုက်ပြိုင်ဆိုင်မှု ဖိအားများကို လျှော့ချနိုင်ကြောင်း၊ ဗီယက်နမ်၏ ST ဆန်သည် ဖိလစ်ပိုင်၊ တရုတ်နှင့် အရှေ့ အလယ်ပိုင်းတွင် ရေပန်းစားလျက်ရှိပြီး Japonica ဆန်ကို ဂျပန်နှင့် တောင်ကိုရီးယားသို့ တင်ပို့ လျက်ရှိကြောင်း ဖော်ပြထားသည်။
အရည်အသွေးမြင့်ဆန်မွှေးကို အာရုံစိုက်ဆောင်ရွက်ခြင်းသည် ပုံမှန်ဆန်ထက် ဈေးပိုရလေ့ ရှိသဖြင့် ဗီယက်နမ်ဆန်လုပ်ငန်းအတွက် အပြုသဘောဆောင်သောရလဒ်များကို ဆောင်ကြဉ်း ပေးကြောင်း၊ ဗီယက်နမ်နိုင်ငံသည် တိရစ္ဆာန်အစာနှင့် အခြားထွက်ကုန်များ ထုတ်လုပ်ရန်အတွက် အရည်အသွေးနိမ့်ဆန်ကို တင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့
ဗီယက်နမ်နိုင်ငံသည် ဓါတ်ငွေ့ထုတ်လွှတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချ နိုင်သည့် ရေရှည်တည်တံ့သော ဆန်ဟက်တာ တစ်သန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ထုတ်လုပ်မှုပုံစံသည် မျိုးစေ့များ၊ ဓါတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများ အသုံးပြုသည့်ပမာဏကို လျှော့ချနိုင်ပြီး ဓါတ်ငွေ့ထုတ်လွှတ်မှု နည်းပါးစေ နိုင်ကြောင်း ဖော်ပြထားပါသည်။
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)