ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလာရေးဌာန (DET) မှ ဒူဘိုင်းရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း (DST) တံဆိပ်ခေါင်းအား ၎င်းတို့၏ဒုတိယအကြိမ်မြောက်နှစ်ပတ်လည်ကာလတွင် ဟိုတယ် ၁၅၃ လုံးကိုပေးအပ်ချီးမြှင့်ခဲ့ပြီး ယမန်နှစ်ကစတင်ပေးအပ်ချီးမြှင့်ခဲ့သည်ထက် ၁၁၈ % တိုးတက်လာခဲ့ ကြောင်း ဖော်ပြခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်ဆောင်ရွက်ခဲ့သည့် ရေရှည်တည်တံ့သော အလေ့အကျင့်များတွင်သာလွန်ကောင်းမွန်မှုရှိသော ဟိုတယ်များအားအသိအမှတ်ပြုလျှက်ရှိပြီး ပိုမို စိမ်းလန်းသောအနာဂတ်အတွက် ဒူဘိုင်း၏ကတိကဝတ်ကို အားဖြည့်ပေးလျှက်ပါသည်။
ရေရှည်တည်တံ့ခိုင်မြဲမှုတွင် ထူးချွန်မှုကို အသိအမှတ်ပြုခြင်း
(DST) တံဆိပ်ခေါင်းသည် စွမ်းအင်ထိရောက်မှု၊ ရေထိန်းသိမ်းထားရှိမှုနှင့် အမှိုက်စီမံခန့်ခွဲမှုများ အပါအဝင် ရေရှည်တည်တံ့နိုင်မှုဆိုင်ရာစံသတ်မှတ်ချက် ၁၉ ခုအပေါ်အခြေခံ၍ ဟိုတယ်များကို အကဲဖြတ်ခြင်းဖြစ်ကာ အမှီအခိုကင်းမဲ့သောအကဲဖြတ်ချက်များသည် မြင့်မားသောပတ်ဝန်းကျင် စံချိန်/စံနှုန်းများကို လိုက်နာမှုသေချာစေရန်အတွက် ဆောင်ရွက်ထားရှိပါသည်။
ယခုနှစ်တွင် ရွှေတံဆိပ်ဆုရဟိုတယ် ၁၈ လုံး၊ ငွေတံဆိပ်ဆုရဟိုတယ် ၆၄ လုံးနှင့် ကြေးတံဆိပ်ဆုရ ဟိုတယ် ၇၁ လုံး အားပေးအပ်ချီးမြှင့်ခဲ့ပြီး ထင်ရှားသောဆုရှင်များမှာ Atlantis ဟိုတယ်၊ The Palm; Jumeirah Al Qasr; ဟိုတယ်နှင့် Le Royal Méridien Beach Resort & Spa ဟိုတယ်တို့ဖြစ်ကြကာ ဖေဖော်ဝါရီ ၂၆ ရက်က Atlantis The Royal ဟိုတယ်တွင်ပြုလုပ်သော ဆုချီးမြှင့်ပွဲအခန်းအနား၌ အသိအမှတ်ပြုဖော်ပြခဲ့ပါသည်။ အဆိုပါဟိုတယ်များသည် ယူအေအီးနိုင်ငံ၏ Net Zero၂၀၅၀ မဟာ ဗျူဟာနှင့်ဒူဘိုင်းစီးပွားရေးအစီအစဉ် (D33) တို့ကို ပံ့ပိုးပေးသည့် ဒူဘိုင်း၏ ရေရှည်တည်တံ့ခိုင်မြဲမှု ပန်းတိုင်များတွင် အဓိကအခန်းမှပါဝင်လျှက်ရှိပါသည်။
ဒူဘိုင်း၏ မြစိမ်းရောင်အစီအမံအား တွန်းအားပေးခြင်း
DET ၏ ကော်ပိုရိတ်မဟာဗျူဟာနှင့် စွမ်းဆောင်ရည်ဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Yousuf Lootah က ရေရှည်တည်တံ့သောခရီးသွားလာရေးလုပ်ငန်းတွင် ကမ္ဘာ့ဦးဆောင်သူတစ်ဦးအဖြစ် ဒူဘိုင်းကိုတည်ထောင်ရာတွင် ဤအစပြုဆောင်ရွက်ခြင်း၏အကျိုးသက်ရောက်မှုအား မီးမောင်းထိုး ဖော်ပြခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများတွင် သာလွန်ကောင်းမွန်မှုရှိစေရန် ကတိကဝတ် ပြုကြသောဟိုတယ်များကိုလည်း အသိအမှတ်ပြုချီးကျူးပြောကြား ခဲ့ပါသည်။
ယူအေအီးနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲမှုမျှော်မှန်းချက်နှင့်အညီ (DST) တံဆိပ်ခေါင်းသည် Dubai Can အစီအစဉ်နှင့်DUBAI REEF အစီအစဉ်များကဲ့သို့သော အစပျိုးလုပ်ဆောင်မှုများအား တိုးတက်မှု ရှိစေပြီး၊ ဒူဘိုင်း၏ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရန်နှင့် ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားကောင်းစေပါသည်။
စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲရေးအတွက် ကတိကဝတ်
(DST) တံဆိပ်ခေါင်းအား လက်ခံရရှိသည့်ဟိုတယ်များသည် ဒူဘိုင်း၏မြစိမ်းရောင်အစီအစဉ်နှင့် စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်လာစေရန် အာမခံချက်ကာလတစ်လျှောက်လုံး ရေရှည်တည် တံ့ခိုင်မြဲသောကြိုးပမ်းအားထုတ်မှုများကို ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြ ထားပါသည်။
စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။