International News

ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့မှ ရမ်ဇာန်လအတွက် ပြည့်စုံသောကျန်းမာရေးနှင့် အစားအသောက်ဘေးကင်းစေရေး အစီအမံများကိုစတင်ဆောင်ရွက်

Last Updated:

ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့သည် ရမ်ဇာန်လ (ဥပုသ်လ) အတွင်း အများပြည်သူကျန်းမာရေးနှင့် အစားအစာဘေးကင်းရေးအတွက် စောင့်ကြည့်ရေးကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက် ရှိပါသည်။

ထိုကဲ့သို့သောအရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးခြင်းများအား စျေးကွက်များ၊ ကုန်တိုက်များ၊ စား သောက်ဆိုင်များ၊ မုန့်ဆိုင်များ၊ ဟိုက်ပါမားကတ်များနှင့်ယူအေအီးနို်ငငံတစ်ဝှမ်းရှိ ပွဲလမ်းသဘင် ကျင်းပရာနေရာများအပအဝင် ကျယ်ပြန့်သောအဆောက်အအုံများစွာကို လွှမ်းခြုံထားရှိပါသည်။ ဤစစ်ဆေးမှုများသည် အမြင့်ဆုံးသောဘေးကင်းရေးစံနှုန်းများနှင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း /စည်းကမ်းများနှင့်အညီ လိုက်နာမှုရှိစေရန်အတွက်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၎င်းတို့၏တက်ကြွသောချဉ်းကပ်မှု အစိတ်အပိုင်းတစ်ရပ်အဖြင့် ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့ သည် လူကြိုက်များသော ရမ်ဇာန်လအတွက်ထုတ်ကုန်များအား ဘေးကင်းရေးစစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်လျှက်ရှိနေသလို အစားအသောက်တင်ပို့ရောင်းချမှုများကို လွယ်ကူ ချောမွေ့စေရန်နှင့် ဆိပ်ကမ်းများသို့ဝင်ရောက်မှုတွင်ထိန်းချုပ်မှုများအပေါ်တွင်လည်း အားကောင်း သန်မာစေရန် ဆောင်ရွက်လျှက်ရှိပါသည်။ ရမ်ဇာန်လအတွင်း ရွက်ဖျင်တဲများနှင့်ပြင်ပပွဲလမ်းသဘင် များကိုလက်ခံကျင်းပသည့် လိုင်စင်ရအဆောက်အအုံ ၁၀၀ ကျော်တို့အား လိုအပ်သောကျန်းမာရေး နှင့်ဘေးကင်းရေးလမ်းညွှန်ချက်များနှင့် ကိုက်ညီကြောင်းသေချာစေရန် ဆောင်ရွက်ထားရှိပြီး ခွင့်ပြု ချက်လိုင်စင်များထုတ်ပေးထား ရှိပါသည်။

ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်ဘေးကင်းစေရေးအေဂျင်စီ၏ ခေတ္တအမှုဆောင်အရာရှိချုပ် ဒေါက် တာ Naseem Mohammed Rafee က ရမ်ဇာန်ဥပုသ်လအတွင်း မြင့်မားသောအစားအစာဘေးကင်း ရေးနှင့်ပြည်သူ့ကျန်းမာရေးစံနှုန်းများကို ထိန်းသိမ်းရန်အတွက် စည်ပင်သာယာရေးအဖွဲ့၏ဆောင် ရွက်ခွင့်အပေါ် အလေးပေးပြောကြား ခဲ့ပါသည်။

ဤအစီအမံများသည် အများပြည်သူများအားလုံး၏ကျန်းမာရေးအန္တရာယ်များမှ ကာကွယ်စောင့် ရှောက်ခြင်းဖြစ်သလို နေထိုင်ကြသူများအားလုံး ဘေးကင်းပြီးအရည်အသွေးမြင့်မားသော အစားအ စာများကိုရရှိနိုင်မှုသေချာစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

စည်ပင်သာယာရေးအဖွဲ့သည် အစားအသောက် သိုလှောင်မှု၊ ပြင်ဆင်ထားရှိမှုနှင့် စွန့်ပစ်ပစ္စည်းများ အားလျှော့ချရေးတို့အပြင် အသားအရည်အသွေးစံချိန်/စံညွှန်းများနှင့် လုပ်ငန်းခွင်ဘေးကင်းစေရေး တို့ကိုအလေးပေးကာ အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ခဲ့ပါသည်။ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များအားကာကွယ်ရန်အတွက် ရမ်ဇာန်လရွက်ဖျင်တဲနေရာများနှင့် မွေးမြူရေးဈေး ကွက်များတွင် ပိုးမွှားထိန်းချုပ်ရေးအပေါ် အထူးအလေးထားဆောင်ရွက်လျက် ရှိပါသည်။

ထို့အပြင် ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့သည် ၎င်းတို့၏ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်အတွက်အဆင်သင့်ဖြစ်နေပြီး အထူးသဖြင့်တိရစ္ဆာန်စျေးကွက်များကဲ့သို့သော လူအသွားအလာများသောနေရာများတွင် တိရ စ္ဆာန်ဆေးကုသရေးနှင့်ကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံများကို မြှင့်တင်ထားရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသို့ ဘေးကင်းပြီးထိရောက်စွာဝင် ရောက်နိုင်စေမည့် Dubai Abattoirs အက်ပ်ကဲ့သို့သော စမတ်ဝန်ဆောင်မှုများကိုအသုံးပြုရန် စည်ပင်သာယာရေးအဖွဲ့၏ ၂၄ နာရီဖုန်းခေါ်ဆိုရေးစင်တာမှလည်း ရမ်ဇာန်လအတွင်းအစား အ သောက်နှင့်ကျန်းမာရေးဆိုင်ရာ ဘေးကင်းမှုနှင့်ပတ်သက်သည့် အများပြည်သူဆိုင်ရာ စုံစမ်းမေး မြန်းမှုများကို ဆက်လက်ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သတင်းဌာနမှဖော်ပြပါရှိပါသည်။

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

Category: International News