International News

ယူအေအီးနိုင်ငံ၏စီးပွားရေးလုပ်ငန်းများမှ အလုပ်ချိန်အသစ်များနှင့်ရမ်ဇာန်လအတွက် ဝန်ထမ်းများ၏လိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်စေရန်ဆောင်ရွက်ထားရှိ

Last Updated:

ရမ်ဇာန်လ (ဥပုသ်လ) နီးကပ်လာသည်နှင့်အမျှ ယူအေအီးနိုင်ငံတစ်ဝှမ်းရှိစီးပွားရေးလုပ်ငန်းများမှ အဆိုပါအချိန်ကာလများအတွင်း ဝန်ထမ်းများ၏ထူးခြားသောလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် ၎င်းတို့၏အလုပ်ချိန်များကို ချိန်ညှိရန်ပြင်ဆင်လျှက်ရှိပါသည်။

ပုဂ္ဂလိကဝန်ထမ်းများအတွက် အလုပ်ချိန်များအား နှစ်နာရီလျှော့ချလိုက်သလို အစိုးရဝန်ထမ်းများ အနေဖြင့် လိုက်လျောညီထွေရှိသောအလုပ်ချိန်များနှင့်  အဝေးမှအလုပ်လုပ်နိုင်မည့်ရွေးချယ်မှုများ စသည့် အကျိုးခံစားခွင့်များကိုရရှိမည် ဖြစ်ပါသည်။ ဤပြုပြင်ပြောင်းလဲမှုများသည် ဝန်ထမ်းများ၏ ကောင်းကျိုးသုခအား ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သလို ပုဂ္ဂလိကကုမ္ပဏီများ၏ ရမ်ဇာန်လ အတွက်စိန်ခေါ်မှုများကို လိုက်လျောညီထွေဖြစ်စေမည့် ကျယ်ပြန့်သောအပြောင်းအလဲများကို ထင် ဟပ်လျှက် ရှိပါသည်။

ဤသို့သောပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်လျှက်ရှိသည့် စီးပွားရေး တစ်ခုမှာ ဒေသခံအစားအစာဝန်ဆောင်မှုထရပ်ကားလုပ်ငန်း Atifa ဖြစ်ပြီး ပိုင်ရှင် Ahmed Mahdi ကရမ်ဇာန်လတွင် ၎င်းတို့၏လုပ်ငန်းဆောင်တာများကိုပြောင်းလဲခြင်း အထူးသဖြင့်အချိန်နာရီများ နှင့်အစားအသောက်မီနူးကမ်းလှမ်းမှုများကို ချိန်ညှိခြင်းနှင့်ပတ်သက်၍ အစာရှောင်သည့်မိသားစု များအားကျွေးမွေးနိုင်ရန်အတွက် ညနေပိုင်းတွင်မှလုပ်ငန်းစတင်ဖွင့်မည်ဖြစ်ကာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေရှိစေရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ၎င်းပြောကြားခဲ့ပါ သည်။

Atifa အစားအစာဝန်ဆောင်မှုလုပ်ငန်းသည် နေ့စဉ်ဥပုသ်အပြီးစားသုံးသူများကို ဖြည့်ဆည်းပေး နိုင်ရန်ဒီဇိုင်းထုတ်ထားသော နှစ်လို့ဖွယ်ရာကောင်းပြီးအာဟာရရှိစေသော အစားအစာများကို မိတ် ဆက်ပေးပါသည်။ Ahmed အတွက်ဆိုပါမူ ၎င်းမှာအစားအစာအတွက်သာမက ရမ်ဇာန်လ၏ဝိညာဉ် နှင့် ထပ်တူထပ်မျှသောအတွေ့အကြုံကို ဖန်တီးခြင်းဖြစ်ပါသည်။

Ahmed သည် စနစ်ကျသောအနားယူအချိန်ဇယားအပါအဝင် ၎င်း၏အဖွဲ့အားညနေအချိန်နှောင်း ပိုင်းကာလများတွင် ကူညီပံ့ပိုးနိုင်မည့်စီမံချက်များကိုချမှတ်ထားကာ ညနေပိုင်းအချိန်များတွင် အပြေးအလွှားဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့အဖွဲ့အလုပ်မဝင်ရောက်မှီ နေ့ခင်းဘက်အချိန်များ တွင်အနားယူရမည့်အချိန်များအား ကြိုတင်သတ်မှတ်ထားရှိထားပါကြောင်း ၎င်းကပြောကြားခဲ့ ပါသည်။ ဤကဲ့သို့ စားသုံးသူမှတောင်းဆိုလျှက်ရှိသည့် ကာလအတောအတွင်း စိတ်ဓာတ်ထိန်းသိမ်း ခြင်း၏အရေးကြီးမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၎င်း၏ဝန်ထမ်းများသည် ၎င်းတို့၏မိသားစုဝင် များနှင့် နံနက်စာစာသုံးနိုင်မည့် အခွင့်အလမ်းများကိုရရှိမည်ကြောင်း ၎င်းကအာမခံပြောကြားခဲ့ပါ သည်။

အလုပ်ချိန်အပြောင်းအလဲများနှင့်အညီ အခြားကဏ္ဍများရှိစီးပွားရေးလုပ်ငန်းများမှလည်း ကုန်ထုတ် စွမ်းအားများကိုထိန်းသိမ်းရန် တီထွင်ဖန်တီးမှုဆိုင်ရာမဟာဗျူဟာများကို အကောင်အထည်ဖော် လျက်ရှိပါသည်။ Miasee Advertising ကြော်ငြာလုပ်ငန်းကုမ္ပဏီမှ HR မန်နေဂျာဖြစ်သူ Fahima Mustafa ကကုမ္ပဏီ၏ချဉ်းကပ်မှုအနေဖြင့် ၎င်းတို့သည်လိုက်လျောညီထွေရှိသော အလုပ်ချိန်နာရီ များကိုမိတ်ဆက်ပေးခဲ့ပြီး ဝန်ထမ်းများ၏လိုအပ်ချက်အရ အလုပ်ချိန်များကိုစတင်ရန်နှင့် အပြီး သတ်နိုင်ရန်ခွင့်ပြုပေးခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။

သူမက ဝန်ထမ်းများ၏ကိုယ်ရေးကိုယ်တာနှင့် ပရော်ဖက်ရှင်နယ်တာဝန်ဝတ္တရားများကို လွတ်လပ် စွာချိန်ခွင်လျှာညှိနိုင်ရန်အတွက် အဝေးမှအလုပ်လုပ်နိုင်မည့် ရွေးချယ်မှုများကိုလည်း အကောင်အ ထည်ဖော်ခဲ့ပြီး ရမ်ဇာန်လအတွင်းဖိအားများမြင့်မားနေသော်လည်း ဝန်ထမ်းများ၏ကောင်းကျိုးသုခ ကို ဦးစားပေးခြင်းသည် မြင့်မားသောစွမ်းဆောင်ရည်ကို ထိန်းသိမ်းရန်အတွက်အဓိကသော့ချက် တစ်ရပ်ဖြစ်ကြောင်း Fahima က အလေးထားပြောကြား ခဲ့ပါသည်။

လက်လီစတိုးဆိုင်များမှလည်း ရမ်ဇာန်လ၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်အတွက် ၎င်းတို့၏လုပ်ငန်းဆောင်တာများကို ပြုပြင်ပြောင်းလဲလျက်ရှိပါသည်။ လက်လီစတိုးမန်နေဂျာ တစ်ဦးဖြစ်သူ Murad Amid က အထူးသဖြင့်ညနေပိုင်းများတွင် ခြေလျင်အသွားအလာများ သိသိ သာသာပြောင်းလဲသွားပုံကိုဆွေးနွေးပြောကြားခဲ့ပြီး ယင်းအားလိုက်လျောညီထွေဖြစ်စေရန်အတွက် စတိုးဆိုင်များမှအချိန်နာရီများကိုတိုးချဲ့ကာ ပုံမှန်မဟုတ်သောအလုပ်ချိန်စနစ်တစ်ခုကို ကျင့်သုံး လျက်ရှိကြောင်းနှင့် ဤပြောင်းလွယ်ပြင်လွယ်မှုသည် ၎င်းတို့၏မွတ်စ်လင်ဘာသာဝင်မဟုတ်သော ဝန်ထမ်းများမှ နံနက်ပိုင်းအလုပ်ချိန်များတွင် တာဝန်ယူဆောင်ရွက်ပေးခြင်းအားဖြင့် ၎င်းတို့၏ မွတ်စလင်ဘာသာဝင် လုပ်ဖော်ကိုင်ဘက်ဝန်ထမ်းများအား iftar အချိန်ကာလမတိုင်မီ အနားယူ စေနိုင်စေရန်အတွက် ပိုမိုထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြခဲ့ပါ သည်။

ယူအေအီးနိုင်ငံတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ရမ်ဇာန်လအတွက်ပြင်ဆင်မှုများကို ပြု လုပ်လျှက်ရှိပြီး အဆိုပါလအတွင်းမှထူးခြားသောစိန်ခေါ်မှုများအား လိုက်လျောညီထွေဖြစ်စေမည့် မျှတသော ဝန်ထမ်း - ဗဟိုပြုပတ်ဝန်းကျင်ကိုဖန်တီးရန် အာရုံစိုက်ဆောင်ရွက်လျှက်ရှိနေကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

Category: International News