မိုးရွာသွန်းမှုကြောင့် ၂၀၂၄-၂၀၂၅ ရိတ်သိမ်းရာသီတွင် ထိုင်းနိုင်ငံ၏ ကြံထွက်ရှိမှုသည် မြင့်တက် ဖွယ်ရှိနိုင်သော်လည်း တောင်သူများသည် မီးရှို့ခြင်းဖြင့် ရိတ်သိမ်းမှုအတွက် တင်းကျပ်သော စစ်ဆေးမှု များ ခံရနိုင်ဖွယ်ရှိကြောင်း ကြံနှင့်သကြားဘုတ်အဖွဲ့ရုံးက ပြောကြားချက်အရ သိရှိရပါသည်။
မီးရှို့မှုကို နှိမ်နင်းရန် အစိုးရက သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်၍ မီးရှို့ထားသော ကြံများကို ဝယ်ယူမှုကြာင့် ဥဒုံသနီရှိ သကြားစက်ရုံကို ယာယီပိတ်သိမ်းရန် အစိုးရက ညွှန်ကြားခဲ့ပါ ကြောင်း၊ ၂၀၂၄-၂၀၂၅ ရိတ်သိမ်းရာသီတွင် ကြံထွက်ရှိမှုသည် တန်ချိန် ၉၀ သန်းအထိ မြင့်တက်လာ နိုင်ပြီး သကြားတန်ချိန် ၁၁ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊ မိုးခေါင်မှုကြောင့် ၂၀၂၃-၂၀၂၄ ရိတ်သိမ်းရာသီတွင် ကြံ တန်ချိန် ၈၃ သန်းသာထွက်ရှိခဲ့ပြီး သကြား တန်ချိန် ၉ သန်း ထွက်ရှိခဲ့ကြောင်း၊ မိုးရွာသွန်းမှုကြောင့် မြေဆီလွှာစိုစွတ်ပြီး လုံလောက်သော အာဟာရ ရရှိသဖြင့် စိုက်ပျိုးရန် သင့်လျော် ပါကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ကမ္ဘာ့သကြားဈေးသည် ၁ ပေါင်လျှင် ၁၇ စင့် ရှိပြီး ၂၀၂၄ ခုနှစ် ဈေး နှုန်း ၂၂ စင့်မှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းကျဆင်းမှုကြောင့် သကြားထုတ်လုပ်သူများအား ထုတ်လုပ်မှုကို လျော့နည်းစေပါကြောင်း ဘုတ်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Samart Noirun က ပြောကြားခဲ့ပါသည်။
ကမ္ဘာ့သကြားဈေးသည် အိန္ဒိယနှင့်ဩစတြေးလျတို့မှ သန့်စင်ပြီးသကြားထောက်ပံ့မှုပိုမိုလာ ခြင်းကြောင့် ဖြစ်ကြောင်း၊ အိန္ဒိယသည် ကြိတ်ရန် ကြံများ စတင်လက်ခံနေပြီဖြစ်ပြီး ဩစတြေးလျက မကြာမီစတင်တော့မည်ဖြစ်ကြောင်း၊ အစိုးရက မီးလောင်ကျွမ်းထားသော သို့မဟုတ် လတ်ဆတ်သော ကြံဟုတ်-မဟုတ် စစ်ဆေးနေသော်လည်း ထိုင်းသကြားကြိတ်ခွဲစက်များက ယခင်လမှစ၍ ကြံများကို ဝယ်ယူ ကြိတ်ခွဲနေပြီဖြစ်ကြောင်း၊ ကြံများကို ဖြတ်တောက်ခြင်းသည် လုပ်အားကုန်ကျသဖြင့် တောင် သူ အများစုက မီးရှို့လိုကြကြောင်း၊ ဆိုးရွားသော မီးရှို့မှုကြောင့် ဆောင်းရာသီတွင် လေအရည်အသွေး ကို ကျဆင်းစေပြီး PM2.5 အဆင့်ကို မြင့်တက်စေကြောင်း သိရှိရပါသည်။
PM2.5 အဆင့်ကို လျှော့ချရန် ကြံများမီးလောင်ကျွမ်းမှုကို လျှော့ချရန်နှင့် ကြံမီးရှို့ခြင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုအပေါ် ကမ္ဘာ့စိုးရိမ်မှုကို ဖြစ်စေသော ထိုင်းသကြားပို့ကုန်အပေါ် အပျက်သဘောသက်ရောက်မှုကို ရှောင်ရှားရန် ဖြစ်ကြောင်း၊ မီးရှို့ထားသော ကြံဝယ်ယူခြင်းမှ အား မပေးလိုသဖြင့် သကြားထုတ်လုပ်သူများအပေါ် ကာဗွန်အခွန်ကောက်ခံရန် လေ့လာမှုတစ်ရပ်ကို ဘုတ်အဖွဲ့က ဆောင်ရွက်နေပါကြောင်း၊ ယင်းအစီအမံသည် ယခုနှစ်တွင် အသက်ဝင်မည့် ရာသီဥတု ပြောင်းလဲမှု ဥပဒေနှင့်လည်း ကိုက်ညီပါကြောင်း၊ ကြံတန်ချိန် ၇ သန်းသည် မီးရှို့ခြင်းဖြင့် ရိတ်သိမ်းပါ ကြောင်း Mr. Samart က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။