International News

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် မှန်းထားသည်ထက်ကျော်လွန်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀၁ ဘီလီယံရှိခဲ့ သဖြင့် ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မှန်းထားသည်ထက် ကျော်လွန်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

 သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀၇ ဘီလီယံရှိခဲ့သဖြင့် ၆.၃ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆.၂၈ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ တင်ပို့မှုများတွင် ထိုင်း ဘတ် ၁၀ ဘီလီယံကျော်လွန်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိ ကန်ဒေါ်လာ ၂၄.၈ ဘီလီယံရှိခဲ့သဖြင့် ၆ လ ဆက်တိုက် တိုးတက်မှုရှိခဲ့ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး မူဝါဒမသေချာမှုများရှိနေသော်လည်း အဓိက ဈေးကွက်များတွင် ကုန်စည်နှင့် ကုန်ကြမ်းပို့ကုန်များ ခိုင်မာသောကြောင့်ဖြစ်ကြောင်း၊ ရာဘာ၊ ပီလောပီနံထုတ်ကုန်များ၊ လတ်ဆတ်နှင့် ပြုပြင်ပြီးကြက် သားနှင့် လတ်ဆတ်နှင့် ပြုပြင်ပြီး အသီးအနှံစသည့် စိုက်ပျိုးရေးထုတ်ကုန်များ၊ စည်သွပ်နှင့် ပြုပြင်ပြီး သစ်သီးများ၊ ပင်လယ်စာ၊ ဂျုံအခြေခံထုတ်ကုန်များ၊ အသင့်စား အစားအစာများနှင့် တိရစ္တာန်အစာ စသည့် စက်မှုလယ်ယာထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံရှိခဲ့ ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapa-korn က ပြောကြားခဲ့ပါသည်။

ကျောက်မျက်နှင့် လက်ဝတ်ရတနာ (ရွှေမပါ)၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ယန္တရားများ၊ လေအေးစက်များ၊ ရာဘာထုတ်ကုန်များနှင့် ဓာတုပစ္စည်းများစသည့် စက်မှုထုတ်ကုန်များ၏ ပို့ကုန်တန် ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀.၂ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့် အတိုးနှုန်းကျဆင်းမှုတို့ကြောင့် ယခုနှစ်အတွင်း ပို့ကုန် တိုးတက်မှုသည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြား ရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊  ထုတ်လုပ်မှု အခြေစိုက်များကို အရှေ့ တောင်အာရှသို့ ရွှေ့ပြောင်းလာကြခြင်းနှင့် ထိုင်းနိုင်ငံ၏ Soft Power မြှင့်တင်ခြင်းတို့သည် ပို့ကုန်ကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အမေရိကန်ကုန်သွယ်ရေးမူဝါဒများ၊ ရှည်ကြာနေသော ပထဝီဝင် နိုင်ငံရေးတင်းမာမှုများနှင့် ငွေလဲနှုန်း အတက်အကျဖြစ်မှုများသည် စိန်ခေါ်မှုများအဖြစ် ကျန်ရှိနေပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုစဉ်ဆက်မပြတ်တိုးတက်ရန် ပုဂ္ဂလိက ကဏ္ဍနှင့် သက်ဆိုင် ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးသည် ထိုင်းပို့ကုန်များ အတွက် အခွန်နှုန်းထားနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်း အမေရိကန်သို့ ခရီးစဉ်သွား ရောက်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News