International News

အမေရိကန်၏ အခွန်မြင့်တက်မှုသည် ထိုင်းနိုင်ငံ၏ ပို့ကုန်အပေါ် အကန့်အသတ်ဖြင့်သာ ထိခိုက်နိုင် မည် ဖြစ်ကြောင်း Citi Bank Thailand က မျှော်မှန်းထား

Last Updated:

အမေရိကန်၏ အခွန်ကောက်ခံမှု မူဝါဒများသည် ထိုင်းနိုင်ငံကို အဓိက ဦးတည်နေသည် မဟုတ်သောကြောင့် အမေရိကန်၏ အခွန်တိုးမြှင့်မှုများသည် ထိုင်းပို့ကုန်များအပေါ် အကန့် အသတ်ဖြင့်သာ သက်ရောက်မှုရှိနိုင်မည်ဟု Citi Bank Thailand က မျှော်မှန်းထားကြောင်း သိရှိရ ပါသည်။

ထိုင်းနှင့် တရုတ်တို့အကြား ကုန်သွယ်ရေး ချိတ်ဆက်မှုများကြောင့် ဒေါ်နယ်ထရမ့် အစိုးရ လက်ထက် တရုတ်အပေါ် ကောက်ခံမည့် အမေရိကန်၏ အခွန်နှုန်းထားများသည် ထိုင်းနိုင်ငံကို သွယ်ဝိုက်သောနည်းဖြင့်သာ သက်ရောက်နိုင်ကြောင်း၊ အမေရိကန်မူဝါဒများကြောင့် ကမ္ဘာ့စီးပွား ရေး မသေချာမှုများ ဖြစ်လာနိုင်ပြီး ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေး မိတ်ဖက်များမှ သွင်းကုန် ဝယ်လိုအား ကျဆင်းစေနိုင်သကဲ့သို့ ဖိအားများလည်း ဖြစ်လာစေမည်ဖြစ်ကြောင်း၊ ထိုင်းပို့ကုန်များ ၏ အမေရိကန်ဒေါ်လာ တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် ၂.၈ ရာခိုင်နှုန်းဖြင့် အနည်းငယ်သာ တိုးတက်မည်ဖြစ်ကြောင်း၊ ထိုင်း GDP တိုးတက်မှုကို ၂၀၂၅ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပါကြောင်း၊ စီးပွားရေး ပြန်လည်ကောင်းမွန်မှုသည် ပြည်တွင်း ရင်းနှီး မြှုပ်နှံမှုကြောင့် ဖြစ်ကြောင်း Citi Bank Thailand ၏ စီးပွားရေးပညာရှင် Ms. Nalin Chutchotitham က ပြောကြားခဲ့သည်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုသည် လျှပ်စစ်မော်တော်ကားများ၊ အချက်အလက်စင်တာများနှင့် အစားအစာထုတ်လုပ်သည့် စက်ရုံများကြောင့် အရှိန်ရရှိလာမည်ဟု မျှော်လင့်ရကြောင်း၊ ခရီးသွား လုပ်ငန်းသည် ယခုနှစ်အတွင်း ထိုင်းစီးပွားရေး တိုးတက်မှု၏ အဓိက မောင်းနှင်သူဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် တွင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှုဦးရေသည် ၃၉.၈ သန်း မျှော်မှန်းထားပါကြောင်း၊ ခရီးသွားလုပ်ငန်း ဝင်ငွေသည် GDP ၏ ၉.၃ ရာခိုင်နှုန်း ဖြစ်ရန် မျှော်မှန်းထားပါကြောင်း၊ ဗဟိုဘဏ်၏ မူဝါဒနှုန်းကိုလည်း ၂.၂၅ ရာခိုင်နှုန်းတွင် ထားရှိမည်ဟု ခန့်မှန်းထားပါကြောင်း Ms. Nalin က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်၏ တရုတ်အပေါ် အခွန်တိုးမြှင့်မှုသည် ပျှမ်းမျှအားဖြင့် ၁၅ ရာခိုင်နှုန်းဖြစ်နိုင်ပြီး ဈေး ကွက်မျှော်မှန်းထားချက် ၆၀ ရာခိုင်နှုန်းအောက်လျော့နည်းပါကြောင်း၊ အခွန်နှုန်းထား ဆိုသည်မှာ အမေရိကန်အတွက် မဟာဗျူဟာကျသော နိုင်ငံများအတွက် ညှိနှိုင်းသော ပုံစံတစ်ခု ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း အာရှ၏ စီးပွားရေးတိုးတက်မှုသည် တရုတ်၏ စီးပွားရေးကျဆင်းမှု ကြောင့် ၄.၃ ရာခိုင် နှုန်းဖြင့် နှေးကွေးနိုင်ပြီး တရုတ်၏ စီးပွားရေးတိုးတက်မှုသည် ယခင်နှစ် ၅ ရာခိုင်နှုန်းမှ ၄.၂ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ကြောင်း Citigroup ၏ အာရှစီးပွားရေးပညာရှင် Ms. Johanna Chua က ပြောကြားခဲ့သည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News