လေထုညစ်ညမ်းခြင်း PM 2.5 ပြဿနာကို ဖြေရှင်းရန် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ က ပူးပေါင်းဆောင်ရွက်သွားရန် ပြည်ထဲရေးဝန်ကြီး H.E Mr. Phumtham Wechayachai က တိုက်တွန်းထားကြောင်း သိရှိရပါသည်။
ဝန်ကြီးချုပ်ကလည်း ယင်းပြဿနာနှင့်စပ်လျဉ်း၍ ပူပန်လျက်ရှိပြီး ဖြေရှင်းရန် အစီအမံ များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် နေစဉ်တွင်နိုင်ငံတကာအဆင့်ကလည်းဖြေရှင်းရမည့် ပြဿနာကြီးတစ်ရပ်ဖြစ်ကြောင်း၊ ဝန်ကြီး သည် ဗီယက်နမ်တွင် အစည်းအဝေးတက်ရောက်နေစဉ်ကာလအတွင်း အိမ်နီးချင်းနိုင်ငံများ အနေဖြင့် ဆိုးဝါးလျက်ရှိသော လေထုညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ ရုန်းကန်နေရသည်ကို လေ့လာ သိရှိခဲ့ရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် Hotspots များကို တွေ့ရှိရပြီး နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခုတ်ထစ်မီးရှို့သည့် အလေ့အထကြောင့် မီးလောင်ကျွမ်းမှု ကို ငြှိမ်းသတ်ရာတွင် ကူညီပေးရန် ဒရုန်းပစ္စည်းများရှိသော လက်နက်ကိုင်အဖွဲ့အစည်းများကို လည်းညွှန်ကြားထားကြောင်း၊ သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနက လူတို့ပြုလုပ် သော တောမီးများကို ဖြေရှင်းရန် ဒေသပိုင်အဖွဲ့ အစည်း များသို့ ဘတ် ၄၀၀ သန်း ပေးအပ်နိုင်ရေး အတွက် ဘတ်ဂျက်လျာထားပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
လေထုညစ်ညမ်းမှု PM2.5 အစသည် အိတ်ဇောအငွေ့များ၊ ပြည်နယ်များအနီးတစ်ဝိုက် အမှိုက်များကို မီးရှို့ခြင်းမှ အငွေ့များနှင့် မြို့တော်အတွင်းတွင် လေလည်ပတ်မှုလျော့ကျလာ ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဗန်ကောက် Metropolitan Administration (BMA) က ဆောင်ရွက် နိုင်သည်မှာ ယာဉ်များမှ ထုတ်လွှတ်မှုကို ထိန်းချုပ်ရန်ဖြစ်ကြောင်း၊ အစီအမံတစ်ခုအနေဖြင့်မှတ်ပုံ မတင်ထားသော ၆-ဘီး ကုန်တင်ကားများ သို့မဟုတ် ပိုကြီးသော ယာဉ်များကို ထုတ်လွှတ်မှု နည်း သော ခရိုင် ၉ ခုအတွင်း ဝင်ရောက်မှုကို ပိတ်ပင်ရန်ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒအသက်ဝင် ပြီဖြစ်ကြောင်း၊ ပိတ်ပင်ထားသော ကားများအတွက် AI နည်းပညာပါဝင်သော လုံခြုံရေးကင်မရာ ၂၅၉ လုံးကို တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ကုန်တင်ကားအစီးရေ ၂၀၀၀ သည်မှတ်ပုံတင် ထားပြီးဖြစ်ကြောင်း၊ ဇုန်အတွင်းဝင်ရောက်လာသည့် ကုန်တင်ကြား ၇၇၉ စီးတွင် ၇၂၅ စီးသည် မှတ်ပုံမတင်ထားပါကြောင်း၊ မြို့တော်အတွင်း လေအရည်အသွေးသည် မကောင်းမွန်ဘဲ ပျမ်းမျှ အားဖြင့် ၁ ကုဗမီတာတွင် ၇၁ မိုက်ခရိုဂရမ်ရှိကြောင်း ဗန်ကောက်မြို့တော်ဝန် Mr. Chadchart Sittipunt က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။