International News

ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှု ၂၃ ရာခိုင်နှုန်းကျော် မြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း တန်ချိန် ၂၆၈,၇၀၀ တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၅.၇ သန်းနီးပါးနှင့် ပမာဏ အားဖြင့် ၃၈.၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၂၃.၂၈ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ အဆိုအရ သိရှိရပါသည်။

သို့ရာတွင် ဆန်ကွဲ ၅ ရာခိုင်နှုန်း၏ ပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ သို့ ကျဆင်းခဲ့ပြီး ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်မှုသည် တစ်တန်လျှင် ၃၈၇ ဒေါ်လာသို့ ကျဆင်းခဲ့ ကြောင်း ဖော်ပြထားသည်။

 ဗီယက်နမ်အနေဖြင့် အပြုသဘောဆောင်သော စတင်မှုရှိနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ ှုရှိောဆောင်သည့်ကြောင်း ဖော်ပြထားသည်။

ိကန်ဒေါ်လာ ၄၁၃ သို့ ကျဆင်းခဲ့ပြီး ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်မှုသည် တစ်တန်လျှင် ၃၈၇ ဒေါ်ပြိုင်ဆိုင်မှုနှင့် အိန္ဒိယ၏ ပို့ကုန်ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာမှုတို့ကို ကိုးကား၍ ဗီယက်နမ် စားနပ်ရိက္ခာအသင်းမှ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုအတွက် စိန်ခေါ်သည့် နှစ်တစ်နှစ် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းထားသည့် ပို့ကုန်ပမာဏမှာ တန်ချိန် ၇.၅ သန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စံချိန်တင်ပမာဏထက် ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။

ပြည်တွင်းဈေးကွက်တွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ တောင်သူများသည် ဝယ်လိုအား လျော့ကျကာ ဆန်ဈေးကျဆင်းမှုနှင့် ကြုံတွေ့နေရပါသည်။ IR 50404 နှင့် OM 5451 ကဲ့သို့သော အဓိကဆန်မျိုးကွဲများကို တစ်ကီလိုဂရမ်လျှင် ၅၅၀၀ မှ ၅၇၀၀ ဗီယက်နမ်ဒေါင်နှင့် ၅၅၀၀ မှ ၆၀၀၀ ဗီယက်နမ်ဒေါင် အသီးသီးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ အထူးသဖြင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ ပြိုင်ဖက်များထံမှ ပေါများသော ကမ္ဘာ့ရောင်းလိုအားကြောင့် ယခုကဲ့သို့ ဈေးနှုန်းကျဆင်းရခြင်း ဖြစ်ပါကြောင်းဖော်ပြထားပါသည်။

An Giang ၏ လက်လီဆန်ဈေးနှုန်းများသည် အမျိုးအစားပေါ်မူတည်၍ တစ်ကီလိုဂရမ် လျှင် ဗီယက်နမ်ဒေါင် ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၆၀) မှ ၂၂,၀၀၀ (အမေရိကန်ဒေါ်လာ ၈၈) ရှိကြောင်း၊ ဖွဲနုနှင့် ဆန်ကွဲတို့မှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၅၆,၀၀၀ မှ ၇၃,၀၀၀ ကြား ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများတွင် နွေစပါးစိုက်ဧက ၁.၄၆ သန်းကျော်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ဟက်တာ ၈၅,၀၀၀ ရိတ်သိမ်းပြီးဖြစ်ပါသည်။ သို့ရာတွင် နေနှင့်မိုး စသည့် ရာသီဥတုအပြောင်းအလဲမြန်သည့် Dong Thap နှင့် Kien Giang ကဲ့သို့သော ပြည်နယ် များတွင် အရွက်များတွင် ပိုးမွှားအန္တရာယ်ဖြစ်နိုင်ချေများကြောင်း ဖော်ပြထားပါသည်။

တောင်သူလယ်သမားများအား ၎င်းတို့၏ စိုက်ခင်းများကို အနီးကပ်စောင့်ကြည့်ရန်နှင့် စိုက်ပျိုးရာသီအစတွင် ဆုံးရှုံးမှုများလျော့ပါးစေရန် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက် ရန် စိုက်ပျိုး‌ရေးဌာနမှ အကြုံပြုထားကြောင်း သိရှိရပါသည်။

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: International News